သရက် စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကျန်းမာရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခရီးသွား လာသူပြည်သူများအား သရက်ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့တွင် ယနေ့ နံနက် (၉) နာရီက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက် များကိုအသိပညာပေးခြင်းများဆောင်ရွက်၍ နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း Mask Campaign စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့က မော်တော် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော် ယာဉ်များ၊ ဈေးရောင်း၊ ဈေးဝယ်များနှင့် ခရီးသွား ပြည်သူများအား နှာခေါင်းစည်းများဝေငှပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို Mask တပ်ဆင်စေ၍တပ်ဆင်မှုနည်းလမ်းမှန်ကန်စေရေး လက်တွေ့ပြသတပ်ဆင်စေခြင်းများဆောင်ရွက် ခဲ့သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်သတိပေးချက်များအား ပညာပေး ဟောပြောခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)