ကော့သောင်း၊ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် ၈ ပေ ၄ ပေ သီခြားပြဘုတ်ဖြင့် ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အသိပညာပေးပြသဆောင်ရွက်မှုတွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကျန်းမားရေးအန္တရာယ်ဖြစ်စေသော ဆေးရွက်ကြီးထွက်ပစ္စည်း သုံစွဲမှုနှင့်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း အသိပညာပေးလက်ကမ်းစာစောင်နှင့် စာစောင်ပါအကြောင်းအရာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးလိပ် ဆေးရွက်ကြီးကြောင့် ဖြစ်တတ်သော ရောဂါများ၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်များ၊ ဆေးရွက်ကြီးများသုံးစွဲလျှင် ကလေးမီးဖွားရာတွင်ဖြစ်ပေါ် တတ်သည့်အခြေအနေများ၊ အသိပညာပေး ကာတွန်းရုပ်ပုံများနှင့်ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေး အသိပညာပေးပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)