တန့်ယန်း စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် အရှိန်အဟုန်မြှင့်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရာ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လူဝင်လူထွက် စောင့်ကြပ်ကြည့်ရှု စစ်ဆေးခြင်းတို့ကို ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရန် ယနေ့၌ အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်အတွင်းသို့ အခြားနေရာနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် နေရာဒေသများမှ လာရောက်ကြသူများ၊ ခရီးသွားများနှင့် မော်တော်ယာဉ်များ အားလုံးတို့ကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဝင်/အထွက် ကြည့်ရှုစစ်ဆေးခြင်းတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ မိုင်းပါတ်ကျေးရွာ အဝင်ဂိတ်နှင့် မန်ကတ်ကျေးရွာဂိတ်များ ထားရှိကာ အရှိန်အဟုန်မြှင့်၍ စောင်ကြပ်ကြည့်ရှု ဆောင်ရွက်နေလျက်ရှိရာ ခိုင်လုံသောအထောက်အထား ပြသနိုင်ရန် လိုအပ်ကြောင်းနှင့် စည်းကမ်းနှင့်မညီညွတ်ပါက သတ်မှတ်ထားသော စည်းကမ်းများ အတိုင်း Quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)