ကံမ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်း ဝင်ကျေးရွာပေါင်း ၂၈ ရွာရှိရာ မြဝတီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ပဉ္စမနှစ်မြောက်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ်က အဆိုပါကျေးရွာတွင် အသင်းဝင်များအား ထုတ်ချေးပေးခဲ့သည်။
မြဝတီကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အသင်းဝင်ပေါင်း ၂၂၄ ဦးရှိပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၅၉ ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၁၈ ဦး နှင့် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ၁၂ ဦးတို့အား ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီမှ စုစုပေါင်း ငွေကျပ် (၄၂၃) သိန်း (၅) သောင်းကျပ်အား ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)