နောင်ချို စက်တင်ဘာ ၂၃
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက် ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဈေးရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွား ၁၆ ဦး အား လူမှုရေးပင်စင်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဈေးရပ်ကွက်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွား ၁၆ ဦး အား တစ်လလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် (၃)လစာ ကျပ်သုံးသောင်းစီကို ဘိုးဘွားများနေထိုင်သည့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ နောင်ချိုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုရေးပင်စင် ၃ လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယခုထောက်ပံ့မှုသည် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း သက်ကြီး ဘိုးဘွား၂၉၃ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ထွေးငယ်၊နောင်ချိုပြန်/ဆက်