ဖျာပုံ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဖျာပုံခရိုင် (၄)မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၄၀)၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေး ထိခိုက်မှုများအား ပြန်လည်ကုစားသည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ခရိုင်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆို Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ကျေးရွာပေါင်း(၄၀)၊ အိမ်ထောင်စု (၇၇၄၄)စု၊ လုပ်ငန်းခွဲ(၅၅)ခုအတွက် ခွင့်ပြုငွေကျပ် သန်းပေါင်း (၄၀၀)ဖြင့် အကုန်အကျခံကာ လုပ်ငန်း အမျိုးအစား (၇)မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေသားလမ်း(၄၁)လမ်း၊ ကွန်ကရစ်လမ်း(၇)လမ်း၊ ကွန်ကရစ်ဘီး လမ်း(၁)လမ်း၊ ကွန်ကရစ်တံတား(၂)စင်း၊ မြေသားရေကန် ပြုပြင်ခြင်း(၂)ကန်၊ ရေနှုတ်မြောင်း တူးဖော်ခြင်း(၁)ခု၊ လယ်သွင်းရေမြောင် တူးခြင်း(၁)ခု အပါအဝင် စုစုပေါင်း (၅၅)ခုက အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Cash For Work စီမံကိန်းဝင် ကျေးရွာများမှ ကိုဗစ်-၁၉ကာလအတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်နှင့် စီးပွားရေးထိခိုက်မှုများအား ပြန်လည်ကုစားနိုင်သည့် အခွင့်အလမ်းများ၊ ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်အတွက် Cash For Work စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ၊ ကျေးလက်နေ ပြည်သူများအနေဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေရရှိသည့်အပြင် မိမိကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်၊ အဆိုပါ စီမံကိန်းဝင် ကျေးရွာနေပြည်သူများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အသီးအပွင့်များကို ခံစားနေရပြီဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)