ပေါက်ခေါင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို online စနစ်ဖြင့်ဆက်လက်ဆောင်ရွက်

ပေါက်ခေါင်း   စက်တင်ဘာ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်းတွင် ကလေးများအတွက် ပုံပြင်စာအုပ်၊စက္ကူပြဇာတ်တို့ဖြင့်ပုံပြင်ပြောပြခြင်း၊ လူကြီးလူငယ်များ အတွက် စာအုပ်စာစောင်များအညွှန်းများ တင်ဆက်ပေးခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ်များကို online မှတဆင့် တင်ဆက်ပေးနေကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ စာအုပ်ငှါးရမ်းပေးခြင်းများကိုခေတ္တပိတ်ထားပြီး  ယခင်က ငှါးရမ်းထားသည့်စာအုပ်များကိုသာ ပြန်လည်လက်ခံကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း စာကြည့်တိုက်ဝန်ဆောင်မှုများအဖြစ် ကလေးများအတွက် online မှတဆင့်ပုံပြင်ပြောပြခြင်း၊ လူကြီးလူငယ်များအတွက် အသိပညာပေးခြင်း အစီအစဉ်အနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် Talk Show အစီအစဉ်နှင့် အခြားခေါင်းစဉ်အကြောင်းအရာများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းတင်ဆက်သွား မည်ဖြစ်ပြီး ၎င်းအစီအစဉ်များကို IPRD Paukkhaung Page နှင့် ပေါက်ခေါင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)