လွိုင်ကော် စက်တင်ဘာ ၂၄
ကယားပြည်နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် Cash For Work စီမံကိန်းဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ (၂၅)ရွာ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း (၂၅) ရွာတို့၌ ဆောင်ရွက်လျက်ရှိသည့် အမာခံလမ်း၊ ရေပြွန်တံတား၊ ရေနှုတ်မြောင်းတူးဖော်ကျောက်စီခြင်း ၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနှုတ်မြောင်းပြန်လည်တူးဖော်ခြင်း ၊ ကျေးရွာခန်းမဆောင် ခြံစည်းရိုး ကာရံခြင်းနှင့် စာကြည့်တိုက် မြေထိန်းနံရံကာရံခြင်းစသည့် လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သောကြောင့် လွိုင်ကော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အိအိခင်နှင့် စီမံကိန်းတာဝန်ခံတို့ကလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေးနှင့် စီမံကိန်းညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)