ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

ဇလွန် စက်တင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် နာရီအချိန်ခန့်တွင် ပူးပေါင်းအဖွဲ့ဖြင့် မြို့မစျေးသစ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိူပါ ကွင်းဆင်းစစ်ဆေးခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဇလွန်မြို့မဈေးသစ် အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်မှု ရှိ/မရှိ၊ တစ်ဦးနှင့်တစ်ဦး ပေအကွာ ရောင်းချမှု ရှိ/မရှိတို့ကို လှည့်လည် စစ်ဆေးပြီး ဈေးရောင်းချသူများ အနေဖြင့် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ကော်မတီမှ ထုတ်ပြန်ကြေညာထားသော သတ်မှတ်အချိန်များ အတွင်း၌သာ ဖွင့်လှစ်ရောင်းချ သွားကြရန်နှင့် ထိုသို့ရောင်းချ ရာတွင်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)