ပခုက္ကူကုန်စည်ဒိုင် ရောင်းဝယ်မှုလုပ်ငန်းများ ယာယီရပ်နားထားမည်

ပခုက္ကူ စက်တင်ဘာ ၂၄

ပခုက္ကူကုန်စည်ဒိုင်ရောင်းဝယ်မှုလုပ်ငန်းများကို စက်တင်ဘာ ၂၅ ရက်နေ့မှစ၍ ယာယီရပ်နားထား မည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ကုန်သည် ပွဲစားများအသင်းက ထုတ်ပြန်ထားကြောင်း သိရသည်။

ပခုက္ကူကုန်စည်ဒိုင်၏ ရောင်းဝယ်မှု လုပ်ငန်းများကို စက်တာဘာလ ၂၅ ရက် နေ့မှစ၍ ခေက္တယာယီရပ်နားထားမည်ဖြစ်ပြီး ပြန်လည် ဖွင့်လှစ်မည်ရက်ကို ကြေညာပေးမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်းဥက္ကဋ္ဌ ဦးတင့်ဝေထံမှ သိရသည်။

ပခုက္ကူကုန်စည်ဒိုင်သည် အညာဒေသမြို့ကြီးများတွင် အဓိကကုန်စည်စီးဆင်းရာ မြို့တစ်မြို့ဖြစ်ပြီး ကုန်စည်ဒိုင်အနေဖြင့် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ မျိုးစုံနှင့် အညာဒေသထွက် မန်းကျည်း၊ ဇီး၊ ထန်းလျက်၊ ငရုတ်၊ ကြက်သွန်နီအစရှိသော ကုန်ပစ္စည်းများအဓိက အရောင်းအဝယ်ပြုလုပ်ကြောင်း သိရသည်။

ကိုတမာ(ပြန်/ဆက်)