ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ အငြိမ်းစား ဝန်ထမ်း ပင်စင်လစာများကို ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ တိုက်နယ် ၈ ခုကို ထုတ်ပေးပြီးစီးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ အသုံးပြုလာ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း (MasK) များ စနစ်တကျ တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ကော်မတီမှ ဗောဓိရတနာပရဟိတကျောင်းသို့ အခြေခံ စားသောက်ကုန်များလှူဒါန်း

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အမှတ်(၃)ရပ်ကွက်ရှိ ဗောဓိရတနာ ပရဟိတကျောင်းသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းမှုကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ကြသည်။

ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြည့်ရေးစခန်းများတိုးချဲ့ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်နိုင်စေ ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအား အသွားအလာ ကန့်သတ်စောင့်ကြည့် ရေးစခန်း ၉ ခုတွင် လူဦးရေစုစုပေါင်း ၄၄၆ ဦးကို စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ နေ့စဉ် ပိုးတွေ့လူနာများပြား လာခြင်းကြောင့် နေရာအခက်အခဲမဖြစ်စေရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က အောင်မင်္ဂလာရပ်ကွက်ရှိ အ.မ.က(၇) စာသင်ကျောင်း၌ သီးသန့်စောင့်ကြည့်ရေးစခန်းသစ် တိုးချဲ့ပြင်ဆင်နိုင်ရေး အတွက် မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ် လက်ပံပင်ကျေးရွာအတွက် ကျေးရွာသစ်စီမံကိန်းဆောင်ရွက်ရန် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre) က ထောက်ပံ့ငွေပေးအပ်

ရေစကြိုမြို့နယ် လက်ပံပင်ကျေးရွာအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာသစ် စီမံကိန်း ဆောင်ရွက်ရန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန (Korea Climate Change Centre)က ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

လဲချားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို နေ့စဉ်နံနက် ၆ နာရီအချိန်က စတင်ကာ ပျံကျစျေးတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှု အား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာရေးကော်မတီရုံး၊ ဝန်ထမ်းအိမ်ယာနှစ်ခန်းတွဲနှစ်ထပ် တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဗဟန်းမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို Quarantine Centre အဖြစ် အသုံးပြုမည့် နေရာများအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယ‌နေ့ မွန်းလွဲ ပိုင်းအချိန်က မြို့နယ်ကျိုက္ကဆံဘတ်စကတ်ဘော အားကစားရုံ၌ ကျင်းပခဲ့သည်။
Subscribe to