ပခုက္ကူ စက်တင်ဘာ ၂၄
၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာနှင့်အထက် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ (၈၇) ဦးအား စက်တင်ဘာလ ၂၂ရက်မှစတင်ပြီး ဂုဏ်ပြုဆုငွေနှင့်ဆုတံဆိပ်များချီးမြှင့်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာနှင့် အထက်ဂုဏ်ထူး များဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများကို ဆုငွေများ၊ ဆုတံဆိပ်များနှင့်ဆုလည်ဆွဲများကို ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း သုံးဘာသာဂုဏ်ထူးရှင် ၅၅ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂၅ဦးနှင့် ငါးဘာ သာဂုဏ်ထူးရှင် ၇ဦးတို့အတွက် တစ်ဘာသာလျှင် ငွေကျပ် နှစ်သောင်းခွဲနှုန်းဖြင့် စုစုပေါင်းဆုချီးမြှင့်ငွေကျပ် ၇၅သိန်း၊ ဂုဏ်ပြုဆု တံဆိပ် ၈၇ခု၊ ဂုဏ်ပြုဆုလည်ဆွဲ (၈၇)ခုတို့ကို လက်ခံရရှိကြောင်း၊ ဆုများအား သက်ဆိုင်ရာအခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ မကြီးများနှင ့်တာဝန်ရှိသူများထံ လွှဲပြောင်းထုတ်ပေးပြီးဖြစ်ရာ မိမိရရှိသည့် ဂုဏ်ထူးရဘာသာရပ်အလိုက် ဆုများ သွားရောက် ထုတ်ယူနိုင်ကြောင်း၊ အဆိုပါဆုများကို ရရှိနိုင်စေရန် သင်ကြားပို့ချပေးသည့် ဆရာ/မများ အားလုံးကို ကျေးဇူးတင်ကြောင်း ပခုက္ကူမြို့နယ် ပညာရေးမှူး ဒေါ်တင်တင်ရီက ပြောသည်။
၂၀၂၀ပြည့်နှစ်၊ မတ်လ၌ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပခုက္ကူမြို့နယ်မှ ငါးဘာသာ ဂုဏ်ထူးရှင်(၇)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၂၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၅၅)ဦး၊ နှစ်ဘာသာဂုဏ် ထူးရှင် (၁၁၆) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၃၈၈) ဦး၊ ရိုးရိုးအောင်မြင်သူ(၂၈၁၆)ဦး၊ စုစုပေါင်းဖြဆိုအောင်မြင်သူ (၃၄၀၇) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၃၄ဒသမ ၃၈ ရာခိုင် နှုန်းရှိသောကြောင့် ယခင်နှစ်ထက် အောင်ချက်ရာ ခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)