ညောင်ရွှေ စက်တင်ဘာ ၂၄
ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆန်၊ ဆီ၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ .
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် မြို့နယ်သမဝါယမဦးစီးဌာန၌ တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း(၂၁)ဦး၊ မြို့နယ်သမဝါယမအသင်းစု အလုပ်အမှုဆောင် (၁၃) ဦး၊ မြို့နယ်သမဝါယမ အသင်းစုမှဝန်ထမ်း (၁၂)ဦး၊ စုစုပေါင်း (၄၆) ဦးအတွက် တစ်ဦးလျှင်ငွေကျပ်တန်ဖိုး (၆၀၀၀၀)နှင့် ညီမျှသော ဆန်(၁) အိတ်နှင့် ဆီ (၃ )ပိဿာ ကိုလည်းကောင်း၊ အခြေခံသမဝါယမအသင်း (၈၉) သင်းမှ အမှုဆောင်များအတွက် ထောက်ပံ့ငွေကျပ် (၁၄၃၀၀၀၀၀)သိန်း ကိုလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထောက်ပံ့ပေးအပ်မှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် (၁၇၀၆၀၀၀၀) တိတိဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ