ဗန်းမော် စက်တင်ဘာ ၂၄
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များက ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်ကပ်မည့် မဲစာရင်းတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး ယနေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်းက ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ နှင့်တွေ့ဆုံ၍ ဒုတိယအကြိမ် ကပ်မည့် မဲဆန္ဒရှင်စာရင်းသည် နောက်ဆုံးအကြိမ်ဖြစ်၍ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ မပါဝင်စေရေး၊ ပါဝင်သင့်သူများ မကျန်စေရေး အထူး အလေးထား ဆောင်ရွက်ရန်နှင့် မဲစာရင်းတွင် ပါဝင်သည့် လူဦးရေနှင့် မဲရုံအရေအတွက် လုံလောက်မှု ရှိ/မရှိများ စစ်ဆေးခြင်း ဆန္ဒမဲပေးနိုင်ရေး လျာထားသည့် မဲရုံများ အား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျောနှင့် အဖွဲ့ခွဲဝင်များက လိုအပ်သည်များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)