မှော်ဘီ စက်တင်ဘာ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင် ၊ မှော်ဘီမြို့နယ် မြောင်း တကာစက်မှုဇုံ ၊(၂)လမ်း၊အကွက်အမှတ် (၅၉)တွင် ယမန်နေ့ နံနက် ၈နာရီ ၃၀ အချိန်ခန့်တွင် Ba An ဆက်သွယ်ရေး မြေအောက်သုံး ကေဘယ်(လ်) ပိုက်များနှင့် သွပ်ရည်စိမ် ထုတ်လုပ်သည့် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုတွင် စက်ရုံရှိ (Zinc)တုံးများ အရည်ဖျော်သည့်ကန်တွင် (Zinc)ရည်များ ပေါက်ကျကာ (Zinc) ကန်အောက်ရှိ အပူပေးသည့် မော်တာပေါ်သို့ ကျရာမှ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အပူပေးမော်တာ(၄)လုံးပျက်စီးခဲ့ကြောင်း၊ မီးငြှိမ်းသတ်ရာသို့ မီးငြှိမ်းသတ်ယာဉ် (၁၆)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ အထောက်အကူပြုယာဉ် (၃)စီး၊ ကွပ်ကဲမှုယာဉ်(၅)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၆၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊သီးသန့် မီးသတ် တပ်ဖွဲ့ဝင် (၅)ဦး စုစုပေါင်း (၁၉၀)ဦး ဖြင့် မီးငြှိမ်း သတ်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀နာရီ ၅၆အချိန်တွင် မီးငြိမ်း ခဲ့ပြီး ထိခိုက်ဒါဏ်ရာ ရရှိသူမရှိကြောင်းသိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)