ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာ၌ Cash For Work စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၃ ရွာ ရာနှုန်းပြည့်ပြီးစီး

ကောလင်း စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ကာလ CERP အစီအစဉ်အရ Cash For Work စီမံကိန်းထောက်ပံငွေကျပ်သိန်း ၁၀၀ စီဖြင့် မောင်းကော်ကျေးရွာ၊ လှည်းပွဲကျေးရွာ၊ စစ်တောကျေးရွာ၊ ပဇင်းတာကျေးရွာ၊ တောင်ပုတ်စုကျေးရွာနှင့် တောင်ကြား ကျေးရွာတို့တွင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပဇင်းတာကျေးရွာ၊လည်းပွဲကျေးရွာနှင့် တောင်ပုတ်စုကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာနမှ သိရသည်။

ယင်းစီမံကိန်းထောက်ပံ့ငွေဖြင့် ပဇင်းတာကျေးရွာတွင် ရွာတွင်းလမ်းခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း အရှည် ၁၃၉၀ပေ၃ပေ၊လမ်းဘေး ဝဲ/ယာရေနုတ် မြောင်းတူးဖော်ခြင်း အရှည် ၅၀၀၀ပေ၊အကျယ် ၁ပေ ၆လက်မ၊အနက် ၁ပေ၆လက်မ၊ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းအရှည် ၂၈၃၀ပေ၊အကျယ် ၁၂ပေ၊ထု ၆လက်မ၊

လှည်းပွဲကျေးရွာတွင် ရွာတွင်းလမ်းခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း အရှည် ၅၂၆၀ပေ၆ပေ၊ လမ်းဘေး ဝဲ/ယာရေနုတ် မြောင်းတူးဖော်ခြင်း အရှည် ၃၆၀၀ပေ၊အကျယ် ၁ပေ ၆လက်မ၊အနက် ၁ပေ ၆လက်မ၊ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းအရှည် ၂၀၉၀ပေ၊အကျယ်၁၂ပေ၊ထု ၉လက်မနှင့် တောင်ပုတ်စုကျေးရွာတွင် ရွာတွင်းလမ်းခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း အရှည် ၃၄၀၀ပေ၃ပေ ၆ လက်မ၊ လမ်းဘေး ဝဲ/ယာရေနုတ် မြောင်းတူးဖော်ခြင်း အရှည် ၃၄၀၀ပေ၊ အကျယ် ၁ပေ ၆လက်မ၊ အနက် ၁ပေ၊ ၆လက်မ၊ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းအရှည် ၃၃၀၅ပေ၊အကျယ် ၁၀ပေ၊ထု ၆ လက်မလုပ်ငန်း  ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းများပြီးစီးမှုအခြေအနေနှင့် ကော်မတီဝင်များ၏ နေ့စဉ်ပြုစုရမည့်စာရင်းဇယားများ၊ လစဉ်ပြုစုတင်ပြရမည့်စာရင်းဇယားများ၊ နေ့စဉ်လုပ်အားခ ပေးချေမှုမှတ်တမ်းများ စသည့်တို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် စီမံကိန်းတာဝန်ခံတို့က ယမန်နေ့က လုပ်ငန်းအပြီးသတ် ကွင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)