နမ့်ဆန်မြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (ဒုတိယ)အကြိမ်ပေးအပ်

နမ့်ဆန်  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ဒုတိယအကြိမ်ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီခန့် က ဒေသဦးစီးအဖွဲ့အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်ပွဲအခမ်းအနားတွင် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် အတွင်းရေးမှူး ဦးတင့်ကျော်လွင် တို့က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၁)စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်ပြား (၂၁၆)ကတ်အား တာဝန်ရှိပုဂ္ဂိုလ်တို့က သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြိုနယ်ရုံးမှ နမ့်ဆန်မြို့နယ် အတွင်းတွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁၁၂၅) ဦး အား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)