ကျောက်ပန်းတောင်း စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ၊ ကျေးရွာမ တည် ရန်ပုံငွေစီမံကိန်း(VRFP) ဖြင့် ကျေးရွာ(၁၆)ရွာတွင် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် ချေးငွေထုတ်ချေးမှု လုပ်ငန်း များအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော် ၏ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ၊ ပြည်သူများ လူမှုစီးပွားထိခိုက်မှုများဖြစ်ပေါ်နေပြီး၊ လုပ်ကွက်ငယ်တောင်သူများ ထုတ်လုပ်ရောင်းချသူများအနေဖြင့် သွင်းအားစုနှင့် အရင်းအနှီးများ လိုအပ်လျှက်ရှိသဖြင့် ချေးငွေ ထောက်ပံ့ပေးသည့်၊ စီးပွားရေးကုစားမှုအစီအစဉ် လုပ်ငန်းစီမံချက် ၂.၁.၇(ခ)Cash or Lending Support အစီအစဉ်အရ၊ လက်ရှိ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်နေသည့် နည်းလမ်းအချို့အား ဖြေလျော့၍ ပိုမို ထိရောက် သောနည်းလမ်များပြောင်း လဲကာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အနေဖြင့် ကျေးရွာ(၁၇၁၀) တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစီမံကိန်းကို ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာ(၁၆) ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အမျိုး အစားအနေဖြင့် Type-1(၈)ရွာ၊ Type-2(၇)ရွာနှင့် Type-3(၁)ရွာ ဖြစ်ပြီး၊ Type-1(၈)ရွာ တွင် တစ်ရွာလျှင်ကျပ်သိန်း(၃၀၀)ဖြင့် လည်းကောင်း၊ Type-2(၇)ရွာတွင် တစ်ရွာလျှင်ကျပ်သိန်း (၂၀၀) ဖြင့်လည်းကောင်း၊ Type-3(၁)ရွာတွင် ငွေကျပ် သိန်း(၁၀၀)ဖြင့်လည်းကောင်း စီမံကိန်း ချေးငွေများပေးချေ၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ရာ၊ စိုက်ပျိုးရေးလုပ်ကိုင်သူ အိမ်ထောင်စု(၁၁၆၂)စုအတွက် ငွေကျပ် (၂၄၆)သန်း၊ မွေးမြူရေး လုပ်ကိုင်သူအိမ် ထောင်စု(၄၃၆)စုအတွက် ငွေကျပ် (၈၉.၂၆)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ အိမ်ထောင်စု(၁)စု အတွက် ကျပ်(၀.၃၅)သန်း၊အသက် မွေးဝမ်းကျောင်းလုပ် ကိုင်သူ အိမ်ထောင်စု(၅)စုအတွက် ကျပ်သန်း(၁.၂)သန်း စုစုပေါင်း အိမ်ထောင်စု(၁၈၀၇)စုအတွက် ချေးငွေ ထုတ်ချေး ခြင်းများ ပြီးစီးခဲ့ပြီဖြစ်ရာ၊ အဆိုပါချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် စီပင်ကျေးရွာ၊ မုံကမ်းကျေးရွာ၊ ဆပ်ပြာကျင်း ကျေးရွာနှင့်ဇလင်းတောင်ကျေးရွာများကို စက်တင်ဘာ(၂၄)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့်ဝန်ထမ်းများက ကွင်းဆင်းစစ် ဆေး ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)