လဲချား စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိ ပညာပေး လုပ်ငန်းများကို နေ့စဉ် နံနက် ၆ နာရီအချိန်က စတင်ကာ ပျံကျစျေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မောင်နွယ်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် စျေးရောင်း၊ စျေးဝယ်ပြည်သူများအား လက်ဆေးပေးခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဟန်းစပီကာဖြင့် လှုံ့ဆော်အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)