နတ်မောက်မြို့နယ် မြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) များ စနစ်တကျ အသုံးပြုလာ

နတ်မောက် စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဈေးတွင်းဝင်ထွက် သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ  နှာခေါင်းစည်း  (MasK) များ စနစ်တကျ တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း ကူးစက်မှုနှုန်းများပြားလာသည့် ကိုဗစ်-၁၉  ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ နတ်မောက်မြို့နယ် မြိို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ထားသော ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များ၊ စည်းကမ်း ချက်များနှင့်အညီ နှာခေါင်းစည်း  (MasK) များ စနစ်တကျ တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။

လှဝင်း(နတ်မောက်)