ကျောင်းကုန်း စက်တင်ဘာ ၂၄
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အမှတ်(၃)ရပ်ကွက်ရှိ ဗောဓိရတနာ ပရဟိတကျောင်းသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းမှုကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သွားရောက် လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဗောဓိရတနာရိပ်သာ ပရဟိတကျောင်းတွင် နေထိုင်ပြီး အ.ထ.က(၂)တွင် ပညာသင်ကြားနေကြသော ဆဌမတန်း (၂)ဦး၊ သတ္တမတန်း (၅)ဦး၊ အဌမတန်း(၈)ဦး၊ နဝမတန်း(၁၅)ဦး၊ ဒဿမတန်း(၉)ဦး၊ စုစုပေါင်း(၃၉)ဦး တို့အတွက် ဆန်(၅)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကုလားပဲ (၁၀)ပိဿာ၊ ကြက်သွန်နီ(၂၅) ပိဿာတို့ကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၃)ရပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ဆေးရေးဂိတ် တာဝန်ကျသူများကိုလည်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဆန်(၁၁)အိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)