မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား တတိအကြိမ် ထောက်ပံ့ငွေပေးအပ်

နတ်မောက်  စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျောက်တံခါးဆည်‌ရေသောက် ဧရိယာအတွင်းမှာရှိသောမိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများအား တတိယအကြိမ် မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီခန့်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်း တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့နယ်တွင် ကျောက်တံခါးဆည်ရေသောက် ဧရိယာအတွင်းမှာရှိသော မိုးစပါးမျိုး စေ့ထုတ် စိုက်ဧက (၃၄၆) ဧကအတွက် တောင်သူ (၂၈၈) ဦးအား တစ်ဧကလျှင် (၆၅၀၀၀) ကျပ်ကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သင်းသင်းမြတ်(နတ်မောက်)