ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှု အား ကွင်းဆင်းစစ်ဆေး

မိုင်းခတ်  စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့ဝင်များက မြို့နယ် စည်ပင်သာရေးကော်မတီရုံး၊ ဝန်ထမ်းအိမ်ယာနှစ်ခန်းတွဲနှစ်ထပ် တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုနှင့်ဝန်ထမ်းများ၊ မိုင်းခတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့်ဌာနဆိုင်ရာများက အဆောက်အဦတည်ဆောက်နေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းများအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံ ဦးရဲမင်းထွန်းက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါနှစ်ခန်းတွဲနှစ်ထပ် စည်ပင်သာယာရေးကော်မတီရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦမှာ အလျား၃၆ပေ၊ အနံ၃၅ပေ၊ အမြင့်၂၂ပေရှိပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ဖြည့်စွက်ရန်ပုံငွေကျပ် ၈၇ဒသမ၁၂သန်းဖြင့် Rocky Planet Group ဆောက်လုပ်ရေးကုမ္ပဏီက ဇူလိုင်လ စတုတ္တပတ်က စတင်၍ တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအချိန်တွင် ၇၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)