စလင်းမြို့နယ်တွင်၊ မိုးစပါး ၄၇၇၁၅ ဧက လျာထားခဲ့ပြီး မိုးစပါး ၆၆၉၀ ဧကအား စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်  ဒေသတွင်း ဆန်စပါးစားနပ်ရိပ်က္ခာဖူလုံစေရန် မိုးစပါးစိုက်ပျိုးရန် ၄၇၇၁၅ ဧကအား လျာထားဆောင်ရွက်ခဲ့ပြီး ယနေ့အထိ မိုးစပါး ၆၆၉၀ ဧက၊ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

အမရပူရမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ချီးမြှင့်

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်အမရပူရမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား အလှူရှင် ဦးကျော်ဆွေတင့်က အလှူငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးအပ်ပွဲကျင်းပသည်။

မြောင်းမြမြို့နယ်တွင် ပုဂ္ဂလိကဆေးရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပုဂ္ဂလိကဆေးရုံများ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မိုးရာသီဆီထွက်သီးနှံမြေပဲ လျာထားဧကထက်ကျော်လွန်စိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏လယ်ယာမြေများတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံဖြစ်သော မြေပဲ ၅၁၉၃၁ ဧက စိုက်ပျိုးနိုင်ခဲ့ကာ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောက်မြို့၌ စား​သောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စား​သောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေး‌နွေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သိမ်ကုန်းကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့် မြို့ပေါ်ရှိအသင်းအဖွဲ့များ၊ ရဟန်းသံဃာများ စုပေါင်း၍ အဋ္ဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းမှုအား သွားရောက်ကြည့်ရှုအားပေး၊

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့် မြစ်ကြီးနားမြို့ပေါ်မှ အသင်းအဖွဲ့များ၊ ရဟန်းသံဃာများ စုပေါင်း၍ အဋ္ဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က အ.ထ.က(မိုင်းကိုင်)၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း KG ကျောင်းသား၊ ကျောင်းသူ ၁၄၇၆၅ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ် အောင်မြင်စွာစတင်နိုင်ခဲ့

တနင်္သာရီတိုင်းဒေသကြီးအဆင့်ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ဩဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း(၄၄၃)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူပေါင်း(၁၄၇၆၅)ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအစီအစဉ်ကို အောင်မြင်စွာစတင်နိုင်ခဲ့သည့်အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးနှင့်ပညာရေးဌာနမှ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်သား၊ ကျောင်းသူများအား အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် စိတ်ဓာတ်ခွန်အားမြှင့်ပေးခြင်း အခမ်းအနားကျင်းပ

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးပြီး ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းကျေးရွာရှိ ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် စိတ်ဓာတ်ခွန်အားမြှင့်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Subscribe to