မြစ်ကြီးနား သြဂုတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့် မြစ်ကြီးနားမြို့ပေါ်မှ အသင်းအဖွဲ့များ၊ ရဟန်းသံဃာများ စုပေါင်း၍ အဋ္ဌမအကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများက သွေးလှူဘဏ်ဌာန၌ ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် သွေးဖောင်ဒေးရှင်း (ကချင်ပြည်နယ်)အသင်းဝင်များ၊ မြစ်ကြီးနားမြို့ပေါ်ရှိ အရပ်ဘက်လူမှုကူညီရေး အသင်းအဖွဲ့များမှ အသင်းဝင်များ၊ ရဟန်းသံဃာများ၊ တက္ကသိုလ်ဒီဂရီကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများက စုပေါင်းသွေးလှူဒါန်းနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းပေး ကြသည့် လူပုဂ္ဂိုလ်၊ ရဟန်းသံဃာများအား ခွန်အားဖြည့်စားသောက်ဖွယ်ရာများနှင့် လက်ဆောင် ပစ္စည်းများကို လိုက်လံပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသွေးလှူဒါန်းပွဲအတွက် ဦးဆောင်၍ ဆောင်ရွက် ခဲ့ကြသော သွေးဖောင်ဒေးရှင်း(ကချင်ပြည်နယ်)နှင့် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များနှင့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CAEXPO)တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပါဝင်ပြသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်-အာဆီယံကုန်စည် ပြပွဲကို ၂၀၀၄ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မိမိတို့မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်အလိုက် နှစ်လိုဖွယ်ရာမြို့များအဖြစ် ပါဝင်မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ပိုမို နီးကပ်သော တရုတ်-အာဆီယံ အသိုက်အဝန်းအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့်အနာဂတ်ကို ပုံဖော်နိုင်မည့် အခွင့်အလမ်းအသစ်များဖော်ဆောင်နိုင်ရန်အတွက် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်ရာမြို့အဖြစ် ပါဝင်ပြသရန် ရွေးချယ်ခဲ့ သည့်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်အောင် ရိုးရာမူမပျက် ပြင်ဆင်ပြသရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခမ်းနားထည်ဝါစွာပါဝင်ပြသနိုင်ရေး လုပ်ငန်းကော်မတီများအနေဖြင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေ လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင်ကျင်းပပြုလုပ်သွားမည့် အခြေအနေများအပေါ် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းကော်မတီများနှင့် ပေါင်း စပ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်းပြပြီး လုပ်ငန်းကော်မတီအလိုက် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်လိုဖွယ်ရာပြခန်းနှင့် စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ထားရှိမှုများ၊ ပြခန်းပြင်ဆင်ဖြည့်စွက်ခြင်းအတွက် ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ မှုများ၊ မြစ်ကြီးနားမြို့ မိတ်ဆက်ဗီဒီယို ဆောင်ရွက်နေမှု အခြေအနေများနှင့် MSME လုပ်ငန်းရှင် ကိုယ်စားလှယ်အဖွဲ့နှင့် ကုန်စည်ပြသသွားမည့်အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ယူဖွယ်ရာဖြစ်အောင် ခမ်းခမ်းနားနားပြသနိုင်ရေးအဆင့် အတန်းပြည့်မီအောင် ပြသနိုင်ရေးအတွက် လိုအပ်ချက်/ လစ်ဟာမှုများ မရှိစေရေး၊ ကော်မတီအလိုက် ပေါင်းစပ်ဆောင်ရွက်သွားကြရေး မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)