ပွင့်ဖြူမြို့နယ် သိမ်ကုန်းကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်

ပွင့်ဖြူ ဩဂုတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် VDP စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ သဘောသဘာဝ ရည်မှန်းချက်မူဝါဒနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်(၉)ဦးကို အတည်ပြုရွေးချယ်၍ ကော်မတီဝင်များ တာဝန်ယူရမည့်လုပ်ငန်းများ၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီ အလိုက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ သိမ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေကျပ်(၁၅)သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဦးဆောင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )