စလင်း သြဂုတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါးစားနပ်ရိပ်က္ခာဖူလုံစေရန် မိုးစပါးစိုက်ပျိုးရန် ၄၇၇၁၅ ဧကအား လျာထားဆောင်ရွက်ခဲ့ပြီး ယနေ့အထိ မိုးစပါး ၆၆၉၀ ဧက၊ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ အစိုးရဆည်တမံ၊ တညောင် လျှပ်စစ်မြစ်ရေတင်၊ မြေအောက်ရေ ရေစုပ်စက်၊ ဆည်ငယ်ကန်ငယ်နှင့် သဘာဝမိုးရေ မိုးကောင်းသောက်ရေရရှိရေးစနစ် စသည့်ရေရရှိရေးနည်းလမ်းများကို အသုံးပြု၍ မိုးစပါး စိုက်ပျိုးဧက ၄၇၇၁၅ ဧကအား၊ လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး၊ စလင်းမြို့နယ် ဒေသခံတောင်သူများအနေဖြင့် နွေနှမ်းရိတ်သိမ်းအပြီး ဇူလိုင်လအတွင်း ထွန်ယက်စိုက်ပျိုး မိုးစပါးကို အားထားစိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ မိုးစပါးစိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေအလုံအလောက်ရရှိစေရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ရေပေးဝေမှု ရေအလုံအလောက်ရရှိစေပြီး ခေတ်စနစ်နှင့်အညီ လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုနည်းပညာပံပိုးကူညီမှုများကို ရယူ၍ သက်ဆိုင်ရာဌာနများ၏ ပေါင်းစပ်ကူညီခြင်းများဖြင့် နယ်မြေအလိုက် စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာများဖြန့်ဝေဟောပြောခြင်း လက်တွေ့သရုပ်ပြသခြင်းများ ပြုလုပ်၍ တစ်ဧကပန်းတိုင်ထွက်ရှိအောင် စိုက်ပျိုးရေးရှေ့တန်းစခန်းများအလိုက် ကွင်းဆင်းကူညီ ပံ့ပိုးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မီုးစေ့ထုတ်စိုက်ခင်းများကို အချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးတို့အား ကြိုးစားဆောင်ရွက်လျက်ရှိပြီး တောင်သူလယ်သမားများနှင့် ပူးပေါင်းကာ မိုးစပါးလျာထားဧကပြည့်မီအောင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ယနေ့သြဂုတ်လ ၆ ရက်နေ့အထိ မိုးစပါးဧက ၆၆၉၀ ဧကကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကာ စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး လျထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရန် ဒေသခံတောင်သူများနှင့်ပူးပေါင်းပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းအင်ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။
မောင်လွင်(စလင်း)