အမရပူရမြို့နယ်၌ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ချီးမြှင့်

အမရပူရ သြဂုတ် ၆

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်အမရပူရမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား အလှူရှင် ဦးကျော်ဆွေတင့်က အလှူငွေကျပ် သိန်း ၅၀ ချီးမြှင့်ပေးအပ်ပွဲကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင်က ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို အလှူငွေများပေးအပ်ရာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်မှ ကျေးဇူတင်စကား  ပြောကြားသည်။

အခမ်းအနားသို့  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊  ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့်အလှူရှင်များတက်ရောက်ခဲ့ကြသည်။

စိုးသီဟ(အမရ)