တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "ပျော်ရွှင်ကြရာဝယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "ပျော်ရွှင်ကြရာဝယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ တောင်တွင်းကြီး ဩဂုတ် ၆ အေးမိုးမိုးမြင့်

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ စာအုပ် စာစောင်၊ ရသစုံ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁၂)နာရီ ကျောင်းဆင်းချိန်နှင့် ညနေ(၃)နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်သို့ လာရောက် စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အ.ထ.က(မိုင်းကိုင်)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Gread-12)အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများကပူးပေါင်း၍ ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအားအသိ ပညာပေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့ အထက (၃)၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး 

ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၅ ရက် မွန်းလွဲပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်  ဆောင်ရွက်သည်။

မိုင်းပျဉ်း အ.ထ.က ကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၅နာရီက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
Subscribe to