ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး

ဒေသဖွံ့ဖြိုးရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်နေမှုနှင့် လွိုင်ကော်တက္ကသိုလ် အဆောက်အအုံပြုပြင်ခြင်းလုပ်ငန်းများ တိုးတက်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

တောင်ဥက္ကလာပမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဩဂုတ် ၃ ရက်မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်တက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တ‌ရာယ် အသိပညာပေး ဟောပြော

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်နှင့် ကျောက်ဆည်ခရိုင် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့‌ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ရက် မွန်းလွဲ ၁ နာရီခွဲက တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပသည်။

‎မန္တလေးတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်စီးပွားရေးပညာဌာန၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် “စက်ချုပ်သင်တန်း”ဆင်းပွဲအခမ်းအနားကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  “မိသားစုဝင်ငွေတိုးရေးစီမံကိန်း” ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် "စက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက် ဓမ္မာရုံတွင်ကျင်းပရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့်သင်တန်းသူများ တက်ရောက်ခဲ့သည်။

ကျွန်းစုမြို့တွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီက ငွေစာရင်းထိန်း သိမ်းနည်းသင်တန်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။
Subscribe to