မြိတ်မြို့တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်၊ အကောင်းဆုံး မွေးမြူရေးကျင့်စဉ်သင်တန်းနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)၊ အကောင်းဆုံးမွေးမြူရေးကျင့်စဉ်(BAP)သင်တန်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု သင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့က မြိတ်ကော်ပိုရေးရှင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

ချောင်းဦးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ညောင်ကိုင်းစံပြ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အခြေခံ စားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် မုံရွာမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းများ သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုပ်လုပ်ရောင်းချနေမှုအခြေအနေအား ကြည့်ရှုအားပေး

မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်သည် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ပွဲတော်အုပ် လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် ပဲစုံနှစ်ပြန်ကြော်လုပ်ငန်း ပိသာချိန် ၁၄၀၀ ခန့်ကို ပြည်တွင်းပြည်ပသို့ နေ့စဥ်ထုတ်လုပ်ရောင်းချဆောင်ရွက်နေမှုနှင့် ရုံးကြီးရပ်ကွက်ရှိ မုံရွာမြို့နယ်စည်ပင်သာယာ‌ရေးကော်မတီနှင့် အကွာပူရကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရေသန့်နှင့် ရပ်ကွက်ပေါင်း(၂၀)အတွက် မြို့ရေပေးဝေရေလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နတ်မောက်မြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် သရုပ်ပြမဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်၌ ဒေသဝမ်းစာဖူလုံးရေး မိုးစပါးစတင်စိုက်ပျိုးလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၅ မိုးစပါးများကို ရပ်ကွက်/ကျေးရွာများရှိ တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ဒေသခံတောင်သူများထံက သိရသည်။

တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၃)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၃)တွင် ယမန်နေ့ နံနက် (၉) နာရီခွဲက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲ တက်ရောက်

မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသစ် ဖွင့်ပွဲအခမ်း အနားကို ဩဂုတ်၅ရက်ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် ၁၀၂(A)လမ်း၊ ၆၄လမ်း နှင့် ၆၅လမ်းကြားရှိ အဆိုပါ ရုံးသစ်တွင် ကျင်းပသည်။
Subscribe to