မြစ်သား၊ စက်တင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကုန်တင်ယာဉ်ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မိုးက မြစ်သားမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကုန်တင်ယာဉ်ဖြတ်သန်းသွားလာမှုနှင့်ပတ်သက်၍ မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်(၃)ဂိတ်တွင် ယာဉ်ဖြတ်သန်းသွားလာမှုများအား ပူးပေါင်းအဖွဲ့များဖြင့် ၂၄ နာရီ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်အတွင်းရှိ ကုန်တင်ယာဉ်ပိုင်ရှင်စာရင်းပြုစုပြီး မြို့နယ်ရုံးသို့တင်ပြရန်လိုကြောင်းနှင့် အဆိုပါ ကုန်တင်ယာဉ်စာရင်းများအား မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်များတွင်ထားရှိပြီး ဝင်ထွက်သွားလာမှုအခြေအနေများအား စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာရမည့်စည်းကမ်းချက်များ၊ ဆောင်ရန်ရှောင်ရန်များကို ကုန်တင်ယာဉ်ကြီးများအသင်းမှ သေချာနားလည်စွာရှင်းပြထားရန်လိုကြောင်း၊ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေထားရန်လိုကြောင်း၊ မြစ်သားနှင့်ကူမဲတွင် ယာယီယာဉ်ရပ်နားစခန်းများဖွင့်လှစ်ကာ ပူးပေါင်းအဖွဲ့များ၊ Volunteer အဖွဲ့များဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ်သွားမည်ဖြစ် ကြောင်း၊ ကုန်တင်ယာဉ်များအတွက် မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်များတွင် မှတ်တမ်းစာအုပ် သီးသန့်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ် မောင်းသူနှင့် ယာဉ်နောက်လိုက်များသည် ဆေးထောက်ခံစာနှင့် သက်ဆိုင်ရာထောက်ခံချက်များပြည့်စုံစွာပါရှိမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Stay at home သတ်မှတ်ထားသည့်နေရာများသို့သွားလာပြီးပြန်လာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအနေဖြင့် Quarantine ဝင်ရမည်ဖြစ်ကြောင်း၊ သတ် မှတ်ထားသည့်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိလျှင်သော်လည်းကောင်း၊ သွားရောက်ခဲ့သည့်နေရာနှင့် သွားရောက်မည့်နေရာအား အမှန်မပြောလျှင်သော်လည်းကောင်း၊ သတင်းပေးပို့မှုပျက်ကွက်လျှင်သော် လည်းကောင်း သဘာဝဘေးစီမံခန့်ခွဲမှုဉပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါ သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ လွှတ်တော်ကိုယ် စားလှယ်များ၊ မြို့နယ်ကိုဗစ်−၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (SRT) အဖွဲ့များ၊ မြို့မိမြို့ဖများ၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်မှုကော်မတီ၊ ယာဉ်ကြီးများအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)