မိုးနဲ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရေဂါကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဆေးရုံသုံးပစ္စည်းများကို အလှူရှင် များက ပေးအပ်လှူဒါန်း လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် လိုအပ်သော စက်ပစ္စည်းများဝယ်ယူရန် အလှူငွေလာရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့လှူဒါန်းရာတွင် လွိုင်မြေရပ်ကွက်နေ အလှူရှင် ဒေါ်ရှောင်ကျောက်မိသားစုက ကိုဗစ်-၁၉ ရောဂါကုသရာတွင် လိုအပ်သောစက်ပစ္စည်း ဝယ်ယူအသုံးပြုနိုင်ရန် အလှူငွေ ကျပ် (၉၀၀၀၀၀) သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဌ ဦးစိုးထွဋ် နှင့် မြို့နယ်ကျန်းမာ ရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်တို့က လက်ခံ ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)