ကျုံပျော် စက်တင်ဘာ ၂၈
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ရပ်ကွက်အတွင်းရှိ အလှူရှင်များစုပေါင်းကာ လှူဒါန်းမှုပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး၌ စက်တင်ဘာ ၂၆ ရက် နံနက်က ပြုလုပ်သည်။
အဆိုပါလှူဒါန်းမှုကို တေဇရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမိုး ဦးဆောင်ကာ ရပ်ကွက်အတွင်းရှိ အလှူရှင်များဖြစ်သော ဒေါ်ပေါက်၊ ဆရာဦးစိုးပိုင်၊ ဇေယျာတည်းခိုခန်း၊ မန်းစောကပေါ၊ ငြိမ်း စိုက်ပျိုးရေးဆေးဆိုင်၊ သူနာပြုဆရာမ ဒေါ် စိန်သန်းကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့မှ စုပေါင်းလှူ ဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းသည့် ပစ္စည်းများမှာ ဆန်၊ ဆီ၊ ကြက်သွန် တို့ပါဝင်ပြီး အိမ်ထောင်စု (၇၅) စုတို့အား အသီးသီးခွဲဝေလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)