သရက်မြို့၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကွန်ကရစ်လမ်း နေရာတိုင်းတာနေမှု လုပ်ငန်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့စစ်ဆေး

သရက် စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့တောင်မင်းတည်းရပ်ကွက်၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းပိုင်းနေရာ တိုင်းတာနေမှုလုပ်ငန်းအား ယမန်နေ့ နံနက်(၁၀) နာရီ က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ စည်ပင်အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ရပ်ကွပ် အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ဆောင်ရွက်မည့်ကွန်ကရစ်လမ်းသည်တောင်မင်းတည်းရပ်ကွက် လမ်းမတော်လမ်း မှ ကမ်းနားလမ်းအထိ လမ်းပိုင်းအရှည်(၅၃၀)ပေ၊ အကျယ်(၁၂)ပေနှင့် အမြင့်(၈)လက်မ၊ ခွင့်ပြုရန် ပုံငွေ သန်း(၁၄.၀၁)ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လမ်းပိုင်းတိုင်းတာ နေမှုနှင့် လမ်းခင်းမှုလုပ်ငန်းများ သတ်မှတ်အချိန်တွင်ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေ ရေးတို့အား စနစ်တကျဆောင်ရွက်သွားကြရန်မှာကြား၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)