မိုင်းပန်မြို့နယ်၊ နောင်ဟီးကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

 

မိုင်းပန်          စက်တင်ဘာ             ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့ နယ်တွင် ယမန်နေ့ နံနက်(၇) နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ နှင့် မိုင်းပန် မြို့နယ် စေတနာ့ဝန်ထမ်းများအသင်းတို့ ပူးပေါင်း ၍ နောင်ဟီးကျေးရွာသို့သွားရောက်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိ ပညာ ပေးခြင်း၊ နှာခေါင်းစည်းများ ပေးဝေခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျေးရွာနေပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ၍ အပြင်ထွက်သွားလာရပါက နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အကျင့် ကောင်း ရရှိစေရန်အတွက် နောင်ဟီး ဘုန်းတော်ကြီး ကျောင်းနှင့် နောင်ဟီးကျေးရွာအတွင်းရှိ နေအိမ် (၂၉) လုံးသို့ အိမ်ပေါက်စေ့ သွားရောက်၍ နှာခေါင်းစည်း (Mask) များ ပေးဝေကာ စနစ်တကျ တပ်ဆင် နည်းများ မျှဝေပေး ခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာ၌ ဆောင်ရွက် ခဲ့ကြသည့်အပြင် မိုင်းပန်မြို့ အတွင်းရှိ မြို့မဈေးရှေ့၊ မွေတော်ပရိယတ္တိ ဘုန်းတော်ကြီး ကျောင်းရှေ့ လမ်းဆုံ နှင့် အနောက် ရပ်ကွက် တို့တွင်လည်း နှာခေါင်းစည်း (Mask) ပေးဝေခြင်းနှင့် ကျန်းမာရေး ဆိုင်ရာ အသိ ပညာများလည်း မျှဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)