လှိုင်းဘွဲ စက်တင်ဘာ ၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များနှင့် လူမှုအဖွဲ့အစည်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ခြင်းကို လှိုင်းဘွဲမြို့အဝင်အထွက် ဂိတ်တွင် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးနေလင်းထက် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကြက်ခြေတပ်ဖွဲ့တို့က ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ရန် အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မြို့တွင်းသို့ ခရီးဝေး ဝင်ရောက်လာသူများအနေဖြင့် ခရီးသွားစစ်ဆေးမှတ်တမ်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)