သနပ်ပင်၊ စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပဲခူးခရိုင်ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့များနှင့်မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့ ပူးပေါင်း၍ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၈ နာအချိန်၌ မြို့အဝင်၊ အထွက်ဂိတ်များ၌ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်းမရှိသူများအား အခမဲ့ဖြန့်ဝေပေးနေကြောင်းသိရှိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့ဝင်ဂိတ်၊ မြို့တွင်းလမ်းဆုံများ၊ မြို့အထွက်ဂိတ် ၊ စသည့်နေရာများသို့ သွားရောက်ကာ မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်ကယ်ရီ များတွင် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်း
ရပ်စ်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ပေးခြင်း၊ နှာခေါင်းစည်း( Mask) မတပ်ဆင်လာသူများကို နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခဲ့ပြီး စနစ်တကျတပ်ဆင်ပေးခြင်း၊ အပြင်ထွက်တိုင်း နှာခေါင်း စည်း များတပ်ဆင်လာစေခြင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ရောဂါပိုးကူးစက်မှုပိုမိုများပြားလာ သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်း ချက်များ ကို လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်ပေးနေကြောင်းသိရှိရသည်။
လှမိုး(သနပ်ပင်)