ပဲခူး စက်တင်ဘာ ၂၈
အောက်တိုဘာလ(၁)ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲက ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဌာနတွင် အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များစုပေါင်း သွေးလှူဒါန်း ပေးကြ ကြောင်းသိရသည်။ သွေးလှူဒါန်းမှူ ပြုလုပ်ရာတွင် အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူး ရဲမှူးဝင်းကျော်ကျော်လွင်ဦးဆောင်သည့် အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့(၃၄)ဦး၊ မိသားစုဝင်(၁)ဦး ပေါင်း(၃၅)တို့ စုပေါင်းကာ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် သွေးလှူဒါန်းပေးခြင်းဖြစ်ကြောင်းသိရသည်။
သွေးလှူဒါန်းပေးသည့်တပ်ဖွဲ့ဝင်များအား အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ ဌာနချုပ်တပ်ခွဲမှူး ရဲမှူးဝင်းကျော်ကျော်လွင်နှင့် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး အားဖြည့်အချိုရည်နှင့် အစားအစားများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)