ကွတ်ခိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက Mask Campaign ပြုလုပ် သည့်အနေဖြင့် ယနေ့နံနက်ပိုင်းက မြို့မဈေးနှင့် ယာယီပျံကျဈေးအတွင်းသို့ ဝင်/ထွက်သွားလာသောဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်များအား Mask (၁၅၀၀)ခု အခမဲ့ ဝေငှပေးသည်။
COVID-19 ရောဂါအား ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးတွင် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာရနာရန် အထူးလိုအပ်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး ပရဟိတ အသင်းအဖွဲ့များကလည်း ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ပြော သည်။
“ကိုဗစ်-၁၉ကပ်ရောဂါကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းမှာ ပြည်သူတွေ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာဖို့ လိုအပ်သလို ကွတ်ခိုင်မြို့အတွင်း ကြိုတင် ကာကွယ်ရေးလုပ်းငန်းတွေကိုလည်း ဌာနဆိုင်ရာတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုရေး ပရဟိတ အသင်းအဖွဲ့တွေက အဘက်ဘက်ကနေ ပူးပေါင်းပြီး အရှိန်အဟုန် မြှင့် ပြုလုပ် ဆောက်ရွက် နေပါတယ်ဟု" ဦးမြင့်ဆောင်က ပြောသည်။
ကွတ်ခိုင်မြို့အတွင်း COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတ အသင်း အဖွဲ့ များက ပူးပေါင်း၍ လူစည်ကားသည့် နေရာများ၌ အရှိန်အဟုန် မပျက်ပြုလုပ် ဆောင်ရွက်နေပြီး မြို့အတွင်း ဝင်/ထွက်သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား ပြည်သူ များနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းတို့ကို အရှိန် အဟုန်မြှင့် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)