လမင်းတစ်ရာ ဘက်စုံပရဟိတ ဆရာတော်နှင့်အဖွဲ့မှ ပုသိမ်မြို့ ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီး ကျေးရွာရှိ လက်လုပ်လက်စားများကို စားနပ်ရိက္ခာထောက်ပံ့ကူညီ

ပုသိမ်   စက်တင်ဘာ   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ဇင်ပြွန်ကုန်းကျေးရွာအုပ်စု၊ အိမ်ကုန်းကြီးကျေးရွာသို့ ယမန်နေ့က ပုသိမ်မြို့၊ လမင်းတရာ ဘက်စုံပရဟိတ ဆရာတော်နှင့် ဘက်စုံလူမှု ကူညီရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်း ကျေးရွာရှိ လက်လုပ်လက်စားပြည်သူများအား စားသောက်ကုန်များကို သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် အိမ်ထောင် စု ၅၃၊ လူဦးရေ ၂၆၀ ဦး အတွက် ငွေကျပ် ၁,၂၆၇,၀၀ဝိ/- တန်ဖိုးရှိ ဆန် ၁၅ အိတ်၊ ဆီ ၅ပုံး ၊ ဆား ၂ အိတ်၊ ကြက်သွန်နီ ၃ အိတ်၊ ကြက်သွန်ဖြူ ၁ အိတ်၊ ပဲ ၂ အိတ်၊ အာလူး ၂ အိတ်၊ ငံပြာရည် ၅၅ ဘူး၊ စသည် တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)