ဒဂုံ စက်တင်ဘာ ၂၈
လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသော Quarantine Center တွင် စောင့်ကြည့်ရမည့် လူနာများအတွက် ထားရှိ အသုံးပြုနိုင်ရန် Sweety Home မိသားစုမှ မွေ့ယာ၊ ခေါင်းအုံးနှင့် ခေါင်းစွပ်အစုံ(၅၀)အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စောင့်ကြည့်ရမည့် လူနာများနေထိုင်ရေး၊ စားသောက်ရေး အဆင်ပြေစေရေးတို့အတွက် အလှူရှင်များက တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီလှူဒါန်း ပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)