အင်တောမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချရေးစစ်ဆေး

အင်တော   စက်တင်ဘာ   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အင်တော မြို့မဈေးတွင် ဈေးသည်၊ ဈေးဝယ်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်မှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေး၊ ဌာန ဆိုင်ရာ တာဝန် ရှိသူများ၊ မြို့နယ်ခွဲစည်ပင်သာယာရေးဌာန တာဝန်ခံ ဦးစိုင်းအောင်သန်းဦးနှင့် ဈေးကော်မတီအဖွဲ့ဝင်များက  မြို့မဈေးတွင် ဈေးသည်ဈေးဝယ်များအား  နှာခေါင်းစည်း (Mask)များ တပ်ဆင်မှု ရှိ/မရှိ၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်ထားသည့်  လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ လိုက်နာ‌ဆောင်ရွက်ထားရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ခိုင် (ပြန်/ဆက်)