စေတုတ္တရာ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ရုံးသုံးပရိဘောဂပစ္စည်းများအား Save The Children အဖွဲ့မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်လှူဒါန်းရာတွင် ရုံးသုံးပရိဘောဂပစ္စည်းများဖြစ်သော သစ်သားစားပွဲ(၁)လုံး၊ ခေါက်စားပွဲ (၆)လုံး၊ ပန်ကာ(၁)လုံး၊ ပလပ်စတစ်ထိုင်ခုံ(၃၀)လုံး တို့အား လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် Save The Children မှ တာဝန်ခံ ဦးတင်ကိုဝင်းနှင့်အဖွဲ့က လာရောက်လှူဒါန်းခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းလှိုင် က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)