ဒဂုံ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလ အတွင်းရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့သွားရောက်ကြခြင်း မပြုလုပ်ကြရန်Stay at Homeနေထိုင်ရေးအသိပညာပေးခြင်းကိုယမန်နေ့နံနက်၁၁နာရီကမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဇော်မင်းလွင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်ဇော်ဝင်း၊ ရဲတပ်ရင်းတာဝန်ရှိသူများနှင့် ရပ်ကွက် တာဝန်ခံတို့က ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
ပညာပေးခြင်း ဆောင်ရွက်ရာတွင် ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းနှင့် ယောမင်းကြီး လမ်းတစ်လျှောက်ကိုယ်ပိုင်ယာဉ်များ၊မြို့တွင်းအငှားယာဉ်များအား ရပ်တန့်စေပြီး ကျန်းမာရေး၊ဈေးဝယ် ရန်လိုအပ်သည့်ကိစ္စများ၊အခြားအရေးကြီးကိစ္စရပ်များမှအပနေအိမ်ပြင်ပသို့ ထွက်ခွာသွာလာခြင်းမပြုကြ ရန်ပညာပေးဆောင်ရွက်ကြကြောင်းသိရသည်။ ယင်းသို့ဆောင်ရွက်ခြင်းသည် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု နှုန်းပိုမိုများပြားလာမှုကြောင့် ထိထိရောက်ရောက်ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရ သည်။
ဇာဖြူဝင်း(ပြန်/ဆက်)