ပလောက် စက်တင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပေါ် စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် စည်ပင်သာယာဈေးအရှေ့၌ ခရီးသွား ပြည်သူများနှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ /မရှိ ရှောင်တခင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော ပူးပေါင်းအဖွဲ့က နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ နေပြည်သူများအား အရေးယူမှုများ ဆောင်ရွက် လျက် ရှိပါကြောင်းနှင့် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကူးစက်မှုမဖြစ်ပေါ်စေရေး အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှင်းမြူလွင်