မိုင်းငေါ့ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက် အတွင်းရှိ အသက်(၈၀) ကျော် အသက်ကြီး ဘိုးဘွား(၈) ဦးအား လူမှုရေး ပင်စင် ခံစားခွင့် ထောက်ပံ့ ငွေများနှင့် အခြေခံ လူတန်းစား (၄၀)ဦးအား တတိယ အကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ခြင်းတွင် နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့သည့် လူမူရေး ပင်စင် ခံစားခွင့်ရရှိသော အသက်(၈၀)ကျော် သက်ကြီး ဘိုးသွားများအား ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့်တစ်ဦးလျှင်(၃၀၀၀၀/-)နှုန်းနှင့် (၈)ဦးအတွက် ထောက်ပံ့ငွေ (၂၄၀၀၀၀/-) ကျပ် အားလည်းကောင်း၊ အခြေခံ လူတန်းစားများအား အိမ်ထောင်စု တစ်စု လျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် အိမ်ထောင်စု(၄၀)စု အတွက်(၈)သိန်းအား ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)