ကျောက်တံတား စက်တင်ဘာ ၂၈
ကျောက်တံတားမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှလွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်းကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ မြို့နယ် ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး နေအိမ်ပြင်ပသို့ထွက်ခွာသည့်အကြောင်းအရာအား မေးမြန်းခြင်း၊ စက်တင်ဘာလ (၂၄)ရက်နေ့မှ အောက်တိုဘာလ(၇)ရက်နေ့ထိ ပြည်သူများ မိသားစု ကျန်းမာရေးနှင့် စားသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွဲပြီး အကြောင်းမဲ့ပြင်ပထွက်ခွာသွားလာခြင်းမပြုရန် ကြေညာချက်အား သိရှိလိုက်နာပေးရန် အသိပညာပေးပြောကြားခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်လွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရွှေနန်းမေ