ကျောက်တလုံးကြီး စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင် ၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ကျောက်တလုံးကြီးစျေးအား စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သိရှိရသည်။
၎င်းအပြင် ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်၍ စားသောက်ခြင်းကို မပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချစေပြီး ဒေသခံပြည်သူများကိုလည်း မိမိနေအိမ်မှ မဖြစ်မနေ အိမ်ပြင်ပထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ အရာဝတ္တုတစ်ခုခု ကိုင်တွယ်ပြီးတိုင်းလက်များကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် လက်ကို စနစ်တကျ ဆေးကြောကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်သော စည်းမျဉ်းစည်းကမ်းနှင့်လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျောက်တလုံးကြီးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။
မြဝင်း(ပြန်/ဆက်)