ဖရူဆိုမြို့နယ်တွင်  RC Structure အမျိုးအစား   (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ဖရူဆို   စက်တင်ဘာ    

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေ (၂၅၇.) သန်း ဖြင့် ဆွတ်ရိန်နော်ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်လျက်ရှိသော   RC Structure အမျိုးအစား   ()ခန်းတွဲ ()ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်း၊  ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း တို့မှာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ  RC Structure အမျိုးအစား ()ခန်းတွဲ ()ထပ် ဝန်ထမ်းအိမ်ရာ  အလျား ၁၀၂ ပေ၊ အနံ ၂၉ ဒသမ ၆ ပေ အတိုင်းအတာရှိပြီး ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၂၈၀)ပေ၊ မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း  (၂၀၄)ပေ စသည်တို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် (၂၅၇.)သန်း ဖြင့် ဆွတ်ရိန်နော်ကုမ္ပဏီ က ၉-၁၂-၂၀၁၉ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ  ယခုအခါ (၈၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရပါသည်။

           

တောရယ်(ပြန်/ဆက်)